Soft-bricked ဖြစ်နေတဲ့ Samsung Galaxy S4 GT-I9500, GT-I9505, SCH-I545 တွေကို Firmware ပြန်တင်ကြမယ်
မင်္ဂလာပါ ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ Soft-bricked ဖြစ်နေတဲ့ samsung galaxy S4 model သုံးမျိုးကို ပြန်ပြီး firmware ပြန်တင်နိုင်မဲ့နည်းလမ်းလေးပါ။ ကျွန်တော်လည်းဟိုရှာဒီရှာနဲ့ တွေ့တာလေး ပြန်လည်ဝေမျှပေးနိုင်တာပါ S4 ၀ယ်သုံးတဲ့ users တွေ ဆောင်ထားသင့်တဲ့ data လေးတွေပါ။ ပြန်တင်နိုင်မဲ့နည်းလမ်းလေးကို အောက်မှာ ပုံလေးနဲ့ပြထားပါတယ်။ ဘာမှ မလုပ်ခင်မှာ လိုအပ်တဲ့ Data တွေဒေါင်းလိုက်ပါ့မယ်။
Odin3-v3.07
>> Download <<
GT-I9500
>> Download <<
GT-I9505
>> Download <<
SCH-I545
>> Download <<
USB-Driver
>> Download <<
Kies
>> Download <<
ဒေါင်းလုပ် ဆွဲပြီးသွားရင်တော့ နောက်ဆုံးထွက် firmware တွေကို ဆွဲပါအုံး အောက်ကပေးထားတဲ့လင့်လေးကဆွဲနိုင်ပါတယ်။
GT-I9500 Firmware
>> Download <<
GT-I9505 Firmware
>> Download <<
SCH-I545 Firmware
>> Download <<
ခုဆိုရင်တော့ Data အကုန်စုံသလောက်၇ှိပါပြီ ပြန်တင်ဖို့စလို့ရပါပြီခင်ဗျာ။
မိမိရဲ့ ဖုန်းလေးကို အားအနည်းဆုံး 70% လောက်သွင်းထားပါ။ အပြည့်သွင်းထားတာတော့အကောင်းဆုံးပါ။ ဖုန်းရဲ့ unknow source နဲ့ usb debug ကို On ထားပါ။ antivirus ဆော့ဝဲလ်များရှိရင် ပိတ်ထားပါ။ ကွန်ပျူတာမှာ driver install မလုပ်ရသေးဘူးဆိုရင်တော့ kies သို့မဟုတ် usb driver ကို install လုပ်လိုက်ပါ။
ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ဓါတ်ခဲ ခဏထုတ်ပါ ပြီးလျှင်ပြန်တပ်ပါ။ vol down + Home + Power ခလုပ်သုံးခုကို တွဲပြီး ဖိထားပါ ၂-၃ စက္ကန့်လောက်ဖိထားပါ ပြီး လျှင် Vol up တချက်နှိပ်ပေးလိုက်ပါ။ Download Mode ရောက်ပါပြီ။
နောက်တစ်ဆင့်အနေနဲ့ Odin ကို run လိုက်ပါ။ Pit ဖိုင်နေရာလေးမှာ သက်ဆိုင်ရာ Pit ဖိုင်ကိုထည့်ပါ။
PDA နေရာမှာတော့ မိမိရဲ့ ဖုန်းအမျိုးအစားနဲ့ သက်ဆိုင်တဲ့ Firmware ကို zip ဖြည်ထားတဲ့ tar.md5 ဖိုင်လေးကိုထည့်ပေးလိုက်ပါ။ ပြီးရင်တော့ download mode ၀င်ထားသောဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ Odin ရဲ့ ID:Com မှာ အပြာနုရောင်လေးလင်းလာမှာပါ message box မှာလည်း added ဆိုပြီး ပြနေပါလိမ့်မယ် မသိသေးဘူးဆိုရင်တော့ driver ကို install ပြန်လုပ်ပါ။
ကွန်ပျူတာနဲ့သိသွားပြီဆိုရင်တော့ odin ရဲ့ အမှတ်ခြစ်ရမဲ့နေရာလေးတွေကိုကြည့်ပြီး Re-partition နဲ့ F Reset Time ဆိုတဲ့နေရာနှစ်ခုကိုအမှတ်ခြစ်ပေးလိုက်ပါ။ Auto Reboot ဆိုတဲ့ အမှတ်ကိုလုံးဝ မခြစ်ပါနဲ့ခင်ဗျာ။ အောက်မှာလည်း ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ပုံလေးနဲ့ပြထားပါတယ်။
အဲလုံးကို သေသေချာချာလေး မှတ်ပြီးလို့ သေချာပြီဆိုရင်တော့ Start သာနှိပ်လိုက်ပါ။ 2-4 မိနစ်အတွင်းလောက်ပဲကြာပါတယ်ခင်ဗျာ။ အဲဒီအတောအတွင်းမှာ ပြီးသွားပါ့မယ် ဖုန်းကို ကွန်ပျူတာကနေ pass message မမြင်ရမခြင်းမဖြုတ်ပါနဲ့ မြင်ရမှ ဖြုတ်ပြီး odin ကိုပိတ်လိုက်ပါ။ နောက်တစ်ဆင်အနေနဲ့ ဖုန်းရဲ့ ဘက်ထရီကို ဖြုတ်လိုက်ပါ။ ချက်ခြင်းပြန်မတပ်ပါနဲ့ ၁ မိနစ်လောက်ထားပြီးမှ ပြန်တပ်ပါ။
ပြန်တပ်ပြီးရင်တော့ ဖုန်းရဲ့ Recovery Mode ကိုဝင်ပါ့မယ် Vol up + Home + Power ခလုပ်သုံးခုကို ဖိထားပါ။ logo နှစ်ကြိမ်တတ်ရင် power ကိုလွတ်လိုက်ပါ။ ကျန်တဲ့ခလုပ်တွေကို မလွတ်ပါနဲ့ recovery mode ကိုမြင်ရမှ လွတ်ပါ။ နောက်တစ်ဆင့်အနေနဲ့ကတော့ recovery mode ထဲမှာ vol down နဲ့ အောက်ဆင်းပြီး
"wipe data/factory reset" လုပ်ပါ ။ လုပ်မယ်ဆိုရင် power key ကိုနှိပ်ရမှာပါ။
"wipe cache partition"လုပ်ပါ
Reboot System Now ကိုပြန်သွားလိုက်ပြီး power ကိုနှိပ်ပေးလိုက်ပါ
အချိန်အနည်းငယ်စောင့်နေလိုက်ရင် ပြန်တတ်လာပါပြီခင်ဗျာ။ ခုဆိုရင်တော့ soft-bricked error လည်းပြင်ပြီးသားဖြစ်သွားပါပြီ။
တော်တော်လေးလဲ လက်တွေညောင်းသွားပါပြီခင်ဗျာ သူငယ်ချင်းအားလုံးလည်း ခုလောက်ဆိုအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ အားလုံးပဲပျော်ရွှင်ကြပါစေ။
No comments:
Post a Comment