မေးလ် တစ်ခုထက် ပိုရှိရင် လိုက်စစ်နေရတာ စိတ်ညစ်စရာပါ။ အလကား ရတိုင်း လုပ်ထားတဲ့ gmail သုံးခု တစ်ခါတည်း စစ် နိုင်အောင် ပြောင်းလိုက် ရတယ်။ အရင်က gmail notifier ကို သုံးတယ်။ စာ အ၀င် သိပေမယ့် multiple ဖွင့် မရလို့ singout ပြီး account ပြောင်းပေး ရတယ်။ Cookiepie နဲ့ multiple account ဖွင့်ရာကနေ Firefox 3 မှာ အဆင်မပြေ တော့ဘူး။ main gmail တစ်ခု ကနေ gmail အားလုံး စောင့် ဖတ် လိုက်တော့ တော်တော် သက်သာ သွားတယ်။ Mail account တွေကနေ main gmail ဆီ ၀င်လာဖို့ သက်ဆိုင်ရာမေးလ် တွေဟာ POP access လုပ်ထားရပါမယ်။ Yahoo!mail,hotmail တွေလည်း ရပေမယ့် Gmail လုပ်ထားပုံကိုဘဲ အဓိက ရေးပါမယ်။
Gmail ရဲ့ setting \Forwarding and POP/IMAP \POP Download မှာ enable POP ကိုရွေးပြီး save လုပ်လိုက်ပါ။
Main gmail မှာ setting \Accounts \Get mail from another accounts မှ Add another mail account ကို နှီပ်ရပါတယ်။
ထပ်မံပွင့်လာတဲ့ box မှာ လာစေလိုတဲ့ မေးလ်ကိုဖြည့် Next Step နဲ့ သွားရင် login လုပ်ဖို့ ရောက်သွား ပါမယ်။
အဲဒီမှာ password ဖြည့်ပြီး Next step တွေ အဆင့်ဆင့် သွားလိုက်ရင် နောက်ဆုံး verify လုပ်ခိုင်း ပါမယ်။ Second mail ကို ပြန်ဖွင့် verification code ကို ကူးပြီး vefiry လုပ်ပေး လိုက်ရင်ရပါပြီ။ 5 မိနစ်လောက် စောင့်လိုက်ရင် တစ်ဘက် မှ မေးလ်များ main gmail ထဲ ၀င်ရောက် လာပါမယ်။ နောင် mail တစ်ခုထဲနဲ့ account များစွာ ဖတ်နိုင် ပါပြီ။ ဒီနည်းဟာ mail backup အဖြစ်လည်း သုံးနိုင်ပါတယ်။ mail နှစ်ခုကို အပြန် အလှန် ချိတ်ပြီး တစ်ခုမှသာ ဖွင့်ဖတ် ဖတ်ပြီး ဖျက်ပစ်ပေါ့။ ပြန်လိုချင်ရင် ဟိုဘက်မေးလ် သွားပြန်ယူပေါ့။ လုံခြုံရေး ရှုဒေါင့်က ပြောတာပါ။ တစ်ချို့ ဆိုင်ဘာမှာ သုံးခဲ့တယ်။ အဲဒီစက်မှာ နောက်တစ်ယောက်က ပြန်မွှေ ကြည့်နိုင်တဲ့ ဟက်နည်း များစွာ ရှိပါတယ်။ save ဖြစ်အောင် လုပ်ထားမှ တော်ကာ ကျမယ် မို့လား...
No comments:
Post a Comment