Friday, July 5, 2013

Pando

Email attach 5MB အထက် ပို့မယ် file သိပ်ကြီးလို့ upload တင်ရ ခက်ခဲ နေမယ်ဆို pando software နဲ့ အသုံးပြုစေလိုပါတယ်။ Pando ရဲ့ အားသာချက်က Email,IM and web တွေကို 1 G ပမာဏ ထိ ပေးပို့နိုင်ပြီး upload ကို အကြိမ် ခွဲ တင်နိုင်ခြင်းပါ။ မီးပျက်လား ကွန်နက်ရှင် ကျနေလား မအားဘူးလား နောက်မှ ဆက်တင်ပေါ့ ရောက်တဲ့ နေရာက ပြန်စပေးတာ pando ပေါ့ဗျာ။ Pando free က email နဲ့ IM အတွက် ခုနှစ်ရက် သိမ်းဆည်း ထားပေးပြီး web အတွက် ရက် သုံးဆယ် သိမ်းဆည်း နိုင်ပါတယ်။ cancel လုပ်လိုက်ပြီ ဆိုလည်း email ကို အကြောင်းကြား ပေးပါတယ်။ သူ့သဘောက application မှာ email,IM plugin တွေနဲ့ web,blog တွေအတွက် embed code ရယူနိုင်အောင် လုပ်ပေးထားပြီး server မှာ 1G storage free ပေးတာပါ။ email login အဆင့်တွေ web browsing တွေ မလုပ်ရတော့ အခြား hosting တွေထက်လည်း အချိန်ကုန် သက်သာ နေပါတယ်။ IM တွေ P2P file sharing လုပ်နိုင်သလို pando ကနေ rss download လည်း လုပ်နိုင် ပါသေးတယ်။

Pando ကို http://www.pando.com/install-pando ရယူနိုင်ပါတယ်။
သုံးစွဲပုံ အကျဉ်းက install လုပ်ပြီးရင် attach ပို့မယ် ဆိုပါစို့။ Share new\email ကို သွားလိုက် ပါမယ်။


လိုအပ်တဲ့ မေလ်းတွေဖြည့် ပို့မယ့် ဖိုင် ရွေးပေးပြီး send လုပ်ရုံပါဘဲ။
web hosting လုပ်မယ်ဆို share new\web ပေါ့။ activate လုပ်ပြီး ဘယ်အတွက် ကုဒ်ကို ယူမလဲ ရွေးပေါ့။

pando channels ကလည်း အစီအစဉ် များစွာ ရဲ့ video များစွာ မှာယူ နိုင်ပါတယ်။ developers ကဏ္ဍ မှာ အသုံးဝင်တာတွေ မွှေနှောက်လို့ ရပါသေးတယ်။ ခြုံကြည့်ရင် ဂွမ်းစောင်က အနွေးဆုံးပါ။ ဟုတ်ပါဘူး free service မှာတောင် ကောင်းမွန်တဲ့ feature တွေနဲ့ ဆွဲဆောင်ထားလို့ attach ပို့ရုံ host လုပ်ရုံထက် ပိုအသုံးဝင် လိမ့်မယ် လို့ ယူဆမိပါတယ်။

No comments:

Post a Comment